Welcome to Galanz Beauty Products Myanmar
Storm Blue Island Perfume 55ml

Storm Blue Island Perfume သည်  ခန္ဓာကိုယ်မှ ထွက်သော ချွေးနံ့များကို တနေ့တာလုံး ထိန်းပေးပြီး စွဲဆောင်မှုအားကောင်းသော အမျိုးသားတယောက်၏     လန်းဆန်းတက်ြွကစေသော ခံစားမှုကို ရရှိစေမှာပါ။

Storm Blue Island Vitamin Moisturizing Cream( 120gm)

Non Greasy ဖြစ်သဖြင့် လုံးဝစေးကပ်စေးထိုင်းမှု မရှိသည့်အပြင် Fast Absorbing Formulaကြောင့် အသားအရေထဲသို့ လျှင်မြန်စွာ စိမ့်ဝင်စေပါသည်။ အသားအရေထဲသို့ စိမ့်ဝင်အောင်လိမ်းစဉ် ခဏအတွင်း အသားအရေကို မယုံကြည်နိုင်လောက်အောင် နူးညံ့ချောမွတ်သော ခံစားမှုကို ရရှိစေပါသည်။ Vitamin E ပါဝင်မှုကြောင့် အသားအရေကို နူးညံ့ပျော့ပျောင်းပြီး ကြံ့ခိုင်ကျန်းမာနေစေ၍အရွယ် မတိုင်မီ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးပါသည်။  Sun-screen Protection ဖြစ်သဖြင့် ဆိုးရွားလှသော နေရောင်ခြည်ဒဏ်ကိုကာကွယ်ပေးထားပါသည်။ အစိုဓါတ်ဆုံးရှုံးခြင်းနှင့် နေလောင်ဒဏ်ခံရခြင်းများ ဖြစ်ပေါ်မှုကို ကင်းဝေးစေပါသည်။

Storm Blue Island 24 Hours Protection Anti-Perspirant Roll On (50m)

သစ်ပင်၊ ပန်းပင်များအပေါ်တွင် အခြေခံထုတ်လုပ်ထားသဖြင့် တစ်နေ့တာလုံး အသားအရေကို ခြောက်ခြောက်သွေ့သွေ့ဖြင့် ချွေးနံ့များ ကင်းစင်စေပါသည်။  Unique Lotion Formula ကြောင့်အသားအရေအား ယားယံခြင်း မဖြစ်စေဘဲ အာနိသင်ကို အပြည့်အဝ ရရှိစေပါသည်။ ဓါတုပစ္စည်းများ ပါဝင်သည့် အခြား Roll On များနှင့် မတူဘဲ အသားအရေအတွက် ယုံကြည်စိတ်ချရသော Anit-Perspirant Roll On ဖြစ်ပါသည်။    Anit-Perspirant ဖြစ်သဖြင့် အသားအရေ ပူစပ်ပူလောင်ဖြစ်ခြင်း၊ အရေပြားယားယံခြင်းနှင့် ဂျိုင်းအရေပြားမဲခြင်းမျိုး လုံးဝမဖြစ်ပေါ်စေပါ။ တစ်နေ့တာလုံး ခန္ဓာကိုယ်မှ ရနံ့ဆိုးများအား ထိရောက်စွာ ကာကွယ်ပေးပါသည်။

Storm Blue Island Perfumed Talc (150gm)

Ultra Fine Talcum ပေါင်ဒါဖြစ်သဖြင့် အလွန်နူးညံ့မှုန်ညက်သည့် ကိုယ်လိမ်းပေါင်ဒါဖြစ်ပါသည်။အသားအရေကို နူးနူးညံ့ညံ့ဖြင့် ခြောက်သွေ့နေစေပြီး စိတ်ကို လန်းဆန်းစေ၍ အသားအရေကို ပိုးသားပမာချော့မွေ့နေစေပါသည်။ ပေါ့ပါးလှသော ပေါင်ဒါမှုန့်များကြောင့် တမူထူးခြားသော မွှေးရနံ့အား ကြာရှည်စုပ်ယူထိန်းသိမ်းပေးထားနိုင်ပါသည်။ နေ့စဉ်သုံးစွဲပေးခြင်းဖြင့် စိတ်ကြည်လင်လန်းဆန်းစေပါသည်။

Storm Perfumed Talc Man (150gm)

နူးညံ့သော ပေါင်ဒါမှုန့် ဖြစ်ပါသည်။ အဆင့်မြင့် ရေမွှေးရနံ့ဖြင့် အခြေခံထားသောကြောင့် ရနံ့ဆိုးများကိုလည်း ထိရောက်စွာ ကာကွယ်ပေးနိုင်ပါသည်။ ပြဒါးမပါဝင်ခြင်း ကြောင့် ဂျိုင်းမဲခြင်း၊ ဂျိုင်းပြာခြင်းများမဖြစ်ပေါ်စေပါ။ ရနံ့နှစ်မျိုးရှိပါသည်။

Storm Perfumed Talc Sport ( 150gm)

နူးညံ့သော ပေါင်ဒါမှုန့် ဖြစ်ပါသည်။ အဆင့်မြင့် ရေမွှေးရနံ့ဖြင့် အခြေခံထားပြီး ရနံ့ဆိုးများ ကိုလည်းထိရောက်စွာ ကာကွယ်ပေးနိုင်ပါသည်။ ပြဒါးမပါဝင်ခြင်း ကြောင့် ဂျိုင်းမဲခြင်း၊ ဂျိုင်းပြာခြင်း များမဖြစ်ပေါ်စေပါ။ ရနံ့နှစ်မျိုးရှိပါသည်။

Storm Hair Cream Regular Man & Sport (100gm, 150gm, 250gm)

အဆီနှင့်စေးထိုင်းခြင်း လုံးဝမရှိခြင်းကြောင့် လိမ်းထားပြီးလျှင် ပုံကျနေစေပါသည်။  ဆံပင်စတိုင် ကိုလွယ်ကူစွာ ပြုလုပ်နိုင်ပါသည်။ ဆံပင်ပျော့ပျောင်းပြီး အာဟာရပြည့်ဝစေရန် Vitamin E ပါဝင် ဖြည့်ဆည်းပေးထားပါသည်။ UV Filter သည်နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးပါသည်။

Storm Hair Styling Gel Natural Hold (Man)( 100gm, 150gm, 250gm)

ရေဓါတ်ကို အခြေခံပြီး ထုတ်လုပ်ထားခြင်းကြောင့် ဦးရေပြားကို အေးမြစေပြီး အစိုဓါတ်ကို ကြာရှည် ထိန်းထားပေးနိုင်ပါသည်။ လိုအပ်သော ဆံပင်ပုံစံကို စိတ်တိုင်းကျ ပြုပြင်နိုင်ပြီး တစ်နေ့တာလုံး ပုံစံမပျက်ဘဲ ရှိနေစေပါသည်။ Vitamine E ပါဝင်မှုကြောင့် ဆံပင်အရောင်စိုပြေမှုသည်တမူ ထူးခြားစေပါသည်။   UV Filter သည် နေရောင်ခြည်မှလာသော ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်ပေးပြီး လိုအပ်သောရောင်ခြည်ကိုသာ လက်ခံပေးခြင်းကြောင့် ဆံပင်ပျက်ဆီးခြင်း လုံးဝ မဖြစ်ပေါ်စေပါ။ Natural Hold  သည် မိမိ၏ ဆံပင်ပုံစံကို မပျက်စေရန်အတွက် ထိန်းထား ပေးခြင်းဖြစ်ပါသည်။

Storm Facial Wash( 100gm)

Sory Protine ပဲပိစပ်မှ ရရှိတဲ့ ပရိုတင်း ဓါတ်ဖြင့် ဖော်စပ်ထားသောကြောင့် Micro Beath သေးငယ်သော မျက်နှာပြင်အသားအရေ သန့်ရှင်းစင်ကြယ်ခြင်းနှင့် အရေပြားကျန်းမာမှုတို့ကို တစ်မျိုးတည်းဖြင့် စွမ်းဆောင်မှု ပြုနိုင်သော မျက်နှာသစ်ဆပ်ပြာကရင်(မ်) ဖြစ်ပါသည်။ အနည်းငယ်အသုံးပြုရုံဖြင့်(၂ဆ) ထိရောက်မှုရှိပြီး အမြှုပ်ထွက်အားကောင်း၍ အရေပြားအတွင်းသို့ သန့်စင်စေခြင်းကြောင့်ဆဲလ်သေများကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်  ဖြစ်ပေါ်မှုကို အားဖြည့်ပေးပါသည်။  အသုံးပြုပြီးသည့်အချိန်တိုင်းသန့်ရှင်းစင်ကြယ်မှုနှင့်  စိတ်ကြည်လင် လန်းဆန်းမှုတို့ကို  ပေးစွမ်းနိုင်ပါသည်။ သာမာန်မျက်စိဖြင့်မမြင်နိုင်သော ပိုးမွှားများ၊ အရေပြားကို ပျက်စီးစေနိုင်သော ပိုးမွှားများ ကိုထိရောက်စွာ ဖယ်ရှားသန့်စင်ပေးသော မျက်နှာသစ်ဆပ်ပြာကရင်(မ်) ဖြစ်ပါသည်။