Welcome to Galanz Beauty Products Myanmar

မင်္ဂလာပါရှင်

အစဉ်အမြဲတန်ဖိုးထား လေးစားရပါသော လက်လီ၊ လက်ကား အရောင်းကိုယ်စားလှယ်တော်ဆိုင်ကြီးများ၊ ကုန်တိုက်ကြီးများ၊ စူပါမားကတ်များ၊ စတိုးဆိုင်များမှ လုပ်ငန်းတာဝန်ခံကြီးများ၊ စဉ်ဆက်မပြတ် အမြဲဝယ်ယူ သုံးစွဲသူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။
Galanz Beauty Products Myanmar သည် မြန်မာပြည်သူ ပြည်သားတွေအတွက် အရည်အသွေးကောင်းမွန်သော ကုန်ပစ္စည်းများ လက်လီလက်ကား ဖြန့်ချီပေးနေပါသည်။ ဖြန့်ဖြူးရောင်းချနေသော ကုန်ပစ္စည်းများမှာ

  1. Galanz Shampoo & Personal Care
  2. Living Proof Skin Care Series
  3. Storm Men Care Products

Galanz Beauty Products Myanmar က ကုန်ပစ္စည်းတွေကို အစဉ်အမြဲ အားပေးနေတဲ့ မိတ်ဟောင်း မိတ်သစ်များကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

Mission

မြန်မာပြည်သူပြည်သားတွေအတွက် အရည်အသွေးမြင့်မား ပြီး သဘာဝကုန်ကြမ်းများဖြင့် ပြုလုပ်ထားသော အလှကုန် ပစ္စည်းများသုံးစွဲနိုင်စေရန် နှင့် ကျန်းမာနုပျို လှပနိုင်စေရန် အတွက် ကျန်းမာရေးဆိုင်ရာထောက်ခံချက်ရရှိထားသော Hair Care, Skin Care, Body Care နှင့် ပတ်သတ်သော အလှကုန် ပစ္စည်းများကို Bright Beauty Trading Company ., Ltd ကနေ တနိုင်ငံလုံးကို လက်လီလက်ကားဖြန့်ချီပေးလျှက်ရှိပါတယ်။

Vision

Bright Beauty Company .,Ltd မှ တင်သွင်းဖြန့်ချီသော အလှကုန်ပစ္စည်းများကို သုံးစွဲသူမိဘပြည်သူများ အဆင်ပြေချောမွေ့စွာသုံးစွဲနိုင်ရန်အတွက် သင့်တင့်သော ဈေးနူန်းများဖြင့်ရောင်းချပေးလျှက်ရှိပြီး မြို့နယ်များ၊ မြို့ကြီးများမှာ ရှိသော စတိုးဆိုင်တိုင်းမှာ အလွယ်တကူဝယ်ယူသုံးစွဲနိုင်ရန်အတွက် ဈေးကွက်အတွင်း ရွေ့လျားရောင်းချမူစနစ်၊ Direct ရောင်းချမူ စနစ်များဖြင့် ဖြန့်ချီ လျှက်ရှိပါသည်။

Value

Bright Beauty Company. ,Ltd ၏ ထုတ်ကုန်အမှတ်တံဆိပ်များအား သုံးစွဲသူ များအပေါင်း ယုံကြည်စိတ်ချ၍ ဂုဏ်ယူဝံ့ကြွား စွာ သုံးစွဲနိုင်ရန်အတွက် ကျွန်မတို့ မှ အထူးပင် အလေးထားဆောင်ရွက်လျှက်ရှိပါသည်။